Sunday, January 20, 2013
ယနေ့ခေတ်အထိ ဒါမျိုးတွေရှိပါ၏
ပီယသဒ္ဓိ ခေါ်မလား ၊ ကာမသဒ္ဓိ ခေါ်မလားဘဲ
ကျွန်ုပ် တင်ပြရသော အကြောင်းအရာနှင်ပက်သက်၍ အရင်ဆုံး လာရောက်လေ့လာသူများအား
ကြို ကြိုတင်တင် တောင်းပန်ထားပါရစေဗျာ ၊ သိထားသင့်တယ်ထင်လို့ ၊မြင်တွေ့ထားသင့်တယ်ထင်လို့
ကျွန်ုပ်သည် ရှားရှားပါးပါး ရှာဖွေတင်ပြလိုက်ရပါ၏
အမျိုးသမီးတစ်ဦး ထိုင်ဖြဲ၍နေသည်ကိုမြင်ကတည်းက ဘာ့အတွက်သုံးသည် ဘာကောင်းသည်ကို အထူးအထွေ ရေးသာတင်ပြရန် မလိုလောက်အောင်ပင် ပြည့်စုံနေပြီးလို့ ကျွန်ုပ် မြင်မိပါသည် ၊ သို့လင့်တစေ ကျွန်ုပ်သည် အသေးစိတ်ရှင်းမပြနိုင်သောလည်း ကျွန်ုပ်သိရသလောက် ရေးသာတင်ပြမည်ဟု စိတ်ကူးရှိသည့်အလျှောက် မိတ်ဆွေတစ်ချို့၏ ပြောပြချက်များအား ဤစာမျက်နှာပေါ်၌ ရေးသာတင်ပြလိုက်ရပါ၏ တစ်နေ့သ၌ဟုပင် ဆိုကြပါစို့ ကျွန်ုပ်၏အိမ်သို့ ရှားရှားပါးပါးဆိုသလိုပင် မိတ်ဆွေတစ်ဦး လာရောက်လည်ပတ်လေ၏ ကျွန်ုပ်အတွက် သတင်းထူးများပါသည်ဟုလည်း ထိုသူက ပြောလေ၏ သတင်းထူးဆို၍ ကျွန်ုပ် စိတ်ဝင်စားသော လောကီပညာရပ်များနှင့်ပက်သက်သော သတင်းဟုပင် ကျွန်ုပ် ကောင်းစွာရိပ်မိလေ၏ ထိုနောက့် ကျွန်ုပ်က ထိုသူအား နေရာထိုင်ခင်းပေး၍ တစ်ခုခုသောက်ရန် စီစဉ်ပေးရလေတော့၏ အမောပြေဟန်ရှိသော ကျွန်ုပ်၏ မိတ်ဆွေက ကြံကြံဖန်ဖန် ပစ္စည်းလေးတစ်ခုပါကွာ မင်းကတော့တွေ့ဖူးမှာမဟုတ်ဘူးကွ ရှားသလောက် တန်းဖိုးရှိတယ်လို့ ပြောရမှာပေါ့ကွာဟု အစမရှိ အဆုံးမသိသော စကားအားပြောလေ၏
ကျွန်ုပ်က ဒီလောက်တောင်ပြောနေတာ ဘာပစ္စည်းများလည်းဟု သိချင်ဇောဖြစ် မေးမိလေ၏
ထိုနောက် ၎င်းက ကျွန်ုပ်အား အထက်ပါ ပစ္စည်းအား ထုပ်ပြလေ၏ ဘာများလည်းလိုဗျာ မိန်းမတစ်ယောက် ထိုင်ဖြဲနေတဲ့ဟာကြီးဗျာ့ဟု ကျွန်ုပ်က ပြောမိလျှင်ဘဲ ၎င်းက ကျွန်ုပ်အား ဤသို့ရှင်းပြလေ၏ အမြင်သာရိုင်းတယ်ကွ မျက်နှာပွင့်လန်းတဲ နေရာမှာတော့ကွာ တူမတူအောင်ပါဘဲဟု ပြောလျှင်ပြောချင်းပင် ၊ဗျာ ၊ဘယ်လို ၊ဟု၍ ကျွန်ုပ်အဖို့ သတင်းထူးများပါမက စကားထူးများပါ ကြား၍ရှိလေ၏ ထိုနောက့် ကျွန်ုပ်က ထိုသူအား လောကီပညာလိုက်စားတဲ့ ဆရာတော်တွေက ဒါမျိုးဟာတွေလည်း စီမံတာဘဲလားဗျာ့ဟုမေးမိလေ၏ ဒါမျိုးဟာတွေ စီမံတယ်ဆိုတာက တပည့်တွေအတွက် မျက်နှာပွင့်လန်းမယ် လူချစ်လူခင်များရင်း အန္တရယ်ကင်းမယ်ဆိုတဲ့ အတွေးမျိုးနဲ့ စီမံတာပေါ့ကွာ ၊ ခေတ်လူငယ်တွေ လက်ထဲရောက်လာတော့ ဘာလိုလို ညာလိုလို ဖြစ်တော့တာပေါ့ကွာဟု ပြောပြလေ၏ ဒီပစ္စည်းနဲ့ ပက်သက်လို့ပေါ့ဗျာ ကျွန်တော်ကြားဖူးတာ အများအားဖြင့်တော့ ရည်းစာလိုချင်တဲ့ သူတွေသုံးတယ်လို့တော့ ကြားဖူးတာဘဲဗျာ့ဟု ပြောလိုက်မိလေ၏ ။ ။ ကျွန်ုပ် ယခုဓါတ်ပုံနှင့် တင်ပြရသော ပစ္စည်းလေးမှာ အမျိုးသား ၊ အမျိုးသမီး မည်သူမဆို အသုံးတည့်သော ပစ္စည်းလေးတစ်ခုပင်ဖြစ်လေတော့၏ ရှားရှားပါးပါးပင် ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးဆီမှ တွေ့မြင်ရ၍ ယနေ့ခေတ်အထိ ဒါမျိုးတွေရှိပါလေသလားဟုပင် ကျွန်ုပ် တွေးမိလေတော့၏။
လွင်မုခ
astrolohythai@gmail.com
Monday, January 14, 2013
မျက်လုံးပိတ်ထားသော ဘုရား
မျက်လုံးပိတ်ထားသော ဘုရား၏( ဓါတ်ပုံ)
ကျွန်ုပ်သည် လောကီပညာများကို စိတ်ဝင်စားစွာရှိသည့်အလျှက် ကျွန်ုပ်၏ မိတ်ဆွေများမှာလည်း ထိုနည်း၎င်းပင်ဖြစ်လေ၏ တစ်ယောက်စကား တစ်ယောက်ကြားရ၍ လေ့လာလို့မဆုံးနိုင်အောင် များပြားစွာရှိလေ၏ လေ့လာလို့မဆုံးနိုင်သည့် များပြားစွာရှိသော လောကီပညာရပ်များစွာရှိသည်အနက် ဖြစ်နိုင်ခြေရှိသော မျက်လုံးပိတ်ထားသော ဘုရားဟု အမည်ရှိသော လောကီပညာရပ်များနှင် စီမံဖန်တီးထား၍ သေနတ် (ကျည်) ပြီးသော (အဆောင်) ပင်ဖြစ်လေတော့၏ ထိုင်းနိုင်ငံတွင် ရှေ့နှစ်ပေါင်းများကပင် ယနေ့ အချိန်ထိ ယုံကြည်စွာ လက်ဆင့်ကမ်း ထိန်းသိမ်းကိုးကွယ်လျှက်ရှိကြလေ၏ ယနေ့ခေတ် လောကီပညာရပ်များအား လေ့လာလိုက်စားနေသော ဘုန်းတော်ကြီး အများစုပင်လျှင် မျက်လုံးပိတ်ထားသော ဘုရားအား ရှေ့အစဉ်အလာမပျက် စီမံဖန်တီးလျှက်ရှိကြောင်းလည်းသိရလေ၏ ထိုင်းနိုင်ငံအတွင်းရှိ ရဲ ဝန်ထမ်းများ စစ် ဘက်ဆိုင်ရာ ဝန်ထမ်းများနှင် အရပ် သားများပါမကျန် မျက်လုံးပိတ်ထားသော ဘုရားအား (ဆောင်) ယူကိုးကွယ်လျှက်ရှိကြောင်းသိရလေ၏ မျက်လုံးပိတ်ထားသော ဘုရားမှာ သေနတ် (ကျည်) ပြီးသည်ဆိုရာ၌ လောကီပညာရပ်များအား လေ့လာလိုက်စားနေသော ဘုန်းတော်ကြီးများဖြစ်တိုင်း စီမံသမျှ စွမ်းကြသည်ဟု မဆိုလိုပါ ၊ ဘေးအန္တရယ် ကင်းသလောက် လာဘ်မရွင်ကြောင်း ၊ ဈေးရောင်းသူများ (ဆောင် )ယူသွားလျှင် ဈေးအရောင်းထိုင်းကြောင်း ၊ရဲ ဝန်ထမ်းများ ၊စစ် ဘက်ဆိုင်ရာ ဝန်ထမ်းများ ၊အတွက်အထူးကောင်းမွန်ကြောင်း ကျွန်ုပ် လေ့လာမိသလောက် စာဖတ်သူများ ဗဟုသုတ ရစေရန် ဓါတ်ပုံနှင့်တကွ ရေသားတင်ပြလိုက်ရပါ၏။
လွင်မုခ
astrologythai@gmail.com
ကျွန်ုပ်သည် လောကီပညာများကို စိတ်ဝင်စားစွာရှိသည့်အလျှက် ကျွန်ုပ်၏ မိတ်ဆွေများမှာလည်း ထိုနည်း၎င်းပင်ဖြစ်လေ၏ တစ်ယောက်စကား တစ်ယောက်ကြားရ၍ လေ့လာလို့မဆုံးနိုင်အောင် များပြားစွာရှိလေ၏ လေ့လာလို့မဆုံးနိုင်သည့် များပြားစွာရှိသော လောကီပညာရပ်များစွာရှိသည်အနက် ဖြစ်နိုင်ခြေရှိသော မျက်လုံးပိတ်ထားသော ဘုရားဟု အမည်ရှိသော လောကီပညာရပ်များနှင် စီမံဖန်တီးထား၍ သေနတ် (ကျည်) ပြီးသော (အဆောင်) ပင်ဖြစ်လေတော့၏ ထိုင်းနိုင်ငံတွင် ရှေ့နှစ်ပေါင်းများကပင် ယနေ့ အချိန်ထိ ယုံကြည်စွာ လက်ဆင့်ကမ်း ထိန်းသိမ်းကိုးကွယ်လျှက်ရှိကြလေ၏ ယနေ့ခေတ် လောကီပညာရပ်များအား လေ့လာလိုက်စားနေသော ဘုန်းတော်ကြီး အများစုပင်လျှင် မျက်လုံးပိတ်ထားသော ဘုရားအား ရှေ့အစဉ်အလာမပျက် စီမံဖန်တီးလျှက်ရှိကြောင်းလည်းသိရလေ၏ ထိုင်းနိုင်ငံအတွင်းရှိ ရဲ ဝန်ထမ်းများ စစ် ဘက်ဆိုင်ရာ ဝန်ထမ်းများနှင် အရပ် သားများပါမကျန် မျက်လုံးပိတ်ထားသော ဘုရားအား (ဆောင်) ယူကိုးကွယ်လျှက်ရှိကြောင်းသိရလေ၏ မျက်လုံးပိတ်ထားသော ဘုရားမှာ သေနတ် (ကျည်) ပြီးသည်ဆိုရာ၌ လောကီပညာရပ်များအား လေ့လာလိုက်စားနေသော ဘုန်းတော်ကြီးများဖြစ်တိုင်း စီမံသမျှ စွမ်းကြသည်ဟု မဆိုလိုပါ ၊ ဘေးအန္တရယ် ကင်းသလောက် လာဘ်မရွင်ကြောင်း ၊ ဈေးရောင်းသူများ (ဆောင် )ယူသွားလျှင် ဈေးအရောင်းထိုင်းကြောင်း ၊ရဲ ဝန်ထမ်းများ ၊စစ် ဘက်ဆိုင်ရာ ဝန်ထမ်းများ ၊အတွက်အထူးကောင်းမွန်ကြောင်း ကျွန်ုပ် လေ့လာမိသလောက် စာဖတ်သူများ ဗဟုသုတ ရစေရန် ဓါတ်ပုံနှင့်တကွ ရေသားတင်ပြလိုက်ရပါ၏။
လွင်မုခ
astrologythai@gmail.com
Sunday, January 13, 2013
ထူးဆန်းသော ဝိဇ္ဇာဘုန်းကြီး
ဘုန်းတော်ကြီး၏ (ဘွဲ) အမည်မှာ(စူဝမ်)ဟု သိရပါသည်
ထူးထူးဆန်းဆန်းမို့ သိစေချင်တာပါ ယခုဓါတ်ပုံနှင့်တကွ တင်ပြရသော ဘုန်းတော်ကြီးမှာ ထိုင်းနိုင်ငံအတွင်း၌ ရှေနှစ်ပေါင်း (၅၀၀)ကျော်လောက်က ဝိဇ္ဇာဟု ယုံကြည်ကြသော ဘုန်းတော်ကြီးပင် ဖြစ်လေ၏ အသက် (ဝါတော်) အားဖြစ်လည်း (၄၀၀) ကျော်လောက် နေထိုင်သွားသည်ဟု သိရပြီး ပျံလွန်တော်မှု၍ ကျန်ရှိနေသော ရုပ်ကလပ်မှာ ယနေအချိန်အထိ မပုတ်မသိုး ရှိနေကြောင်းသိရလေ၏ ဘုန်းတော်ကြီး သက်ရှိထင်းရှား ရှိစဉ်က ထူးခြားချက်များစွာ ရှိသည်ဟုလည်းသိရလေ၏ ထိုထူးခြားချက်များမှာ အောက်ပါအတိုင်းဖြစ်လေတော့၏ ဘုန်းတော်ကြီးသည် ဆွမ်းစားဖိတ်သော တပည့်များ၏ အိမ်သို့ သွားရောက်၍ ဆွမ်းစားပြီး ထိုအိမ်၌ ကုဋီတက်သော ၎င်းအိမ်သည် စီးပွားတက်သည်ဟု သိရ၏ ဘုန်းတော်ကြီးသည် တပည့်များက လှူတန်းသော သင်္ကန်းများအား ခန္တာကိုယ်၌ ခဏလွှမ်းခြုံ၍ ထိုသင်္ကန်းအား (စွန်) (မှတ်ချက်)။ ။ (ကောင်းကင်တွင် ရစ်ဘီးဖြစ်လွတ်တင်သော စွန် ) ပြုလုပ်၍ တပည့်များအား ပြန်စွန့်သော ထိုတပည့်များသည် များစွာစီးပွားဖြစ်သည်ဟု သိရလေ၏ ဘုန်းတော်ကြီးသည် မရှိဆင်းရဲသော အခြားဘုန်းကြီးကျောင်းများသို့ အလိုလိုရောက်ရှိနေတတ်ပြီး ထိုဘုန်းကြီးကျောင်း၌ သီတင်းသုံး၍ သင်္ကန်းဖြစ် ပြုလုပ်သော စွန် အား စွန့်ခဲသော ထိုဘုန်းကြီးကျောင်းသည် များစွာစည်ပင်တိုးတက်၍ အေးချမ်းစွာ သသာနာ ပြုလာနိုင်ကြောင်းလည်းသိရလေ၏ ဘုန်းတော်ကြီးသည် ကုဋီ သွား၍ ချေး(ချီး) စွန့်ခဲသော ထို ချေး(ချီး)မှာ မွေးကြိုင်နေသည်ဟုသိရပြန်လေ၏ ဘုန်းတော်ကြီး၏ အသက်မှာ တပည့်များထက်ကြီးသော်လည် တပည့်များ၏ သား ၊ မြေး ၊ တီ ၊ တွပ် ၊ များ အိုမင်းရင့်ရော်၍ တစ်ဦးပြီး တစ်ဦး ကွယ်လွန်ကြကုန်၏ ဘုန်းတော်ကြီးမှာတော့ ဒီအရွယ် ဒီအတိုင်းပင် သသာနာ ပြုနေသည်ဟုလည်း သိရလေ၏ ဘုန်းတော်ကြီးသည် များမကြာမှီ နှစ်များကပင် ခန္တာမြေချ ပျံလွန်တော်မှု၍ ၎င်း၏ ရုပ်ကလပ်မှာ မပုတ်မသိုးကျန်ရှိ၍ ထူးခြားချက်အချို့ရှိကြောင်း စိတ်ဝင်စားစရာ ကြာရပြန်လေ၏ ၎င်းထူးခြားချက်မှာ ဘုန်းတော်ကြီး၏ မျက်နှာအား သင်္ကန်းဖြစ် အုပ်၍ထားရလေ၏ အုပ်၍မထားလျှင် ဘုန်းတော်ကြီး၏ မျက်နှာသည် လာရောက်ဖူးမျှော်သော တပည့်များအား လှည့်လှည့်ကြည့်တတ်၍ပင် ဖြစ်လေတော့၏ ဘုန်းတော်ကြီး သက်ရှိထင်ရှား ရှိစဉ်က တပည့်များ၏ အကျိုးကိုလိုလား၍ လောကီပညာရပ်များဖြစ် စီမံဆောင်ရွက်ထားသော (အဆောင်) များအနက် ယနေ အချိန်ထိ ထင်ရှားနေသော (အဆောင်)အား ဓါတ်ပုံနှင့်တကွ တင်ပြလိုက်ရပါလေ၏
(မှတ်ချက်) ။ ။( ဓါတ်ပုံနှင့်တကွ တင်ပြရသော (အဆောင်)၌ ဘုန်းတော်ကြီး သင်္ကန်းပါရှိကြောင်းသိရ၏)
လွင်မုခ
astrologythai@gmail.com
Friday, January 11, 2013
အဓိက ဈေးရောင်းကောင်းသည်
ယခုမြင်ရသော (ကျည်ပွေ့) များမှာ ဈေးရောင်း ဈေးဝယ်ကောင်းသည်
ဟု ထိုင်းနိုင်ငံရှိ ဈေးသယ်များ ယုံကြည်ကြလေ၏
ကျွန်ုပ်သည် ထိုင်းနိုင်ငံအတွင်း၌ နေထိုင်လာသည်မှာ ကြာလာသည်နှင့်အမျှ ထိုင်းနိုင်ငံသားများသည် လောကီပညာရပ်များအား အထူးစိတ်ဝင်စားကြောင်း ကျွန်ုပ်သည် သတိထားမိလေ၏ သတိထားမိသလောက်လည်း မေမြန်စပ်စုမိလေ၏ ယခုကျွန်ုပ် စပ်စုမိသောအရာမှာ (ကျည်ပွေ့) များအား ရောင်စုံအဝတ်များစည်း၍ ရောင်းပန်းဝယ်ပန်းများ အတွက်အထူးကောင်းမွန်ကြောင်း သိရလေ၏ လောကီပညာရပ်များနှင့်စီမံဆောင်ရွက်သော (အဆောင်) များမှာ ကျွန်ုပ်တို့၏ လူသားများအတွက်တော့ အနည်းနှင့်အများဆိုသလို အသုံးဝင်မည်ဟုလည်း ယုံကြည်မိလေ၏ ယခုမြင်ရသော (ကျည်ပွေ့) များမှာ လောကီပညာရပ်များအား လေ့လာလိုက်စားသော ဆရာတော်များ၏ အင်း ၊ စမ ၊ များဖြစ်စီမံထားကြောင်းသိရလေ၏ ကျွန်ုပ်သည် အသေးစိတ်တင်ပြနိုင်ခြင်းမရှိသည့်အတွက် စာဖတ်သော မိတ်ဆွေများအား ဤစာမျက်နှာကနေပြီး တောင်းပန်လိုက်ပါ၏
(မှတ်ချက်)။ ။ ရောင်းပန်းဝယ်ပန်းများ အထူးကောင်းမွန်ပါကြောင်း
လွင်မုခ
astrologythai@gmail.com
ကိုးမားဟုခေါ်၏ အပိုင်း(၃)
သက်တမ်းအားဖြင့်(၁၀၀) ကျော်ပြီးဖြစ်သော ရှာပါး (ကိုးမား)
ကျွန်ုပ်သည် ကိုးမား ခေါ် နတ်ကလေး များနှင့်ပက်၍ ရေးသာတင်ပြသည်မှာ အပိုင်းအားဖြင့် (၃)ပိုင်းရှိခဲလေပြီး ကျွန်ုပ် ယခုတင်ပြသော ကိုးမား ခေါ် နတ်ကလေးမှာ ရှာပါး၍ စွမ်း ကြမ်းလေ၏ ကိုးမား ခေါ် နတ်ကလေးများမှာ ခေတ်ကာလ ပြောင်းလာသည်နှင်အမျှ ပြုလုပ် အသက်သွင်းဖန်တီးပုံမာလည်း ပြောင်းလည်းလာသည်ဟု ယခုမြင်ရသော ကိုးမား ပိုင်ရှင်ကပြောပြလေ၏ ရှေယခင်က ကိုးမားများမှာ ကိုယ်ဝန်ဆောင်ဇနီးအားသတ်၍ ဝမ်းအတွင်းမှ ကလေးအား ကိုးမား ခေါ် နတ်ကလေးပြုလုပ်သည်ဟုသိရ၏ တရားဥပဒေစိုးမိုးလာချိန်တွင် ကိုးမား ခေါ် နတ်ကလေးအား သေဆုံးသွာသော ကလေးငယ်များ၏ အရိုးများဖြင့် ပြုလုပ်ကြပြန်လေ၏ ယနေ့ခေတ် ကိုးမား ခေါ် နတ်ကလေးများမှာတော့ နာမည်ပဲကျန်တော့သည်ဟု သိရလေ၏ ယခုကျွန်ုပ် ဓါတ်ပုံနှင့်တကွတင်ပြရသော ကိုးမား ခေါ် နတ်ကလေးသည် တန်ဖိုးအားဖြင့် ထိုင် (ဘတ်) ငွေ (၁၀၀၀၀၀)ကျော်ဖြင့် နိုင်ငံခြားသာများ လာရောက်တောင်းယူသော ကိုးမား ခေါ် နတ်ကလေးပင်ဖြစ်လေ၏ ပိုင်ရှင်၏ ပတ်ဝန်ကျင်အနီးတဝိုက်မှပြောပြချက်များလျှင်ပင် ကျွန်ုပ်သည် ကြက်သိန်းထမိလေ၏ ထိုကြောင့် ကျွန်ုပ်သည် ပိုင်ရှင်အားခွင့်တောင်း၍ စာကြည်သူများအား ဗဟုသုတရစေရန် စေတနာထား၍ ရေးသာတင်ပြလိုက်ရပါလေ၏
လွင်မုခ
astrologythai@gmail.com
ရွှေမရှား ငွေမရှား အဘပုဏ္ဏား
အဘပုဏ္ဏား
လွင်မုခ
astrologythai@gmail.com
Tuesday, January 8, 2013
ကိုးမားဟုခေါ်၏ အပိုင်း (၂)
ဘုန်းတော်ကြီး(တီး)ဟု ဘွဲအမည်ရှိ၍ (ကိုးမား)ခေါ် နတ်ကလေးများအား စတင်အသက်သွင်းခဲ့သော ဘုန်းတော်ကြီး၏ ဓါတ်ပုံ(ကွယ်လွန်)
ကျွန်ုပ်သည် (ကိုးမား)ခေါ် နတ်ကလေးမျုားနှင်ပက်သက်၍ သိကျွမ်းနားလည်းသူများ၏ ပြောပြချက်များအား ကျွန်ုပ်၏ ဥာဏ်မှီသလောက် ရေးသားတင်ပြလိုက်ရပါလေ၏ (ကိုးမား)ခေါ် နတ်ကလေးများသည် နာမ်လောကသားများဖြစ်၍ မတွေ့ရမမြင်ရသောလည်း ကျွန်ုပ်တို့လိုပင် စားသောက်နေထိုင်သွားလာနေသည်ဟု့ သက်ဝင်ယုံကြည်ကြလေ၏ ၎င်း (ကိုးမား)ခေါ် နတ်ကလေးများသည် မြေ မီးဖုတ် အရုပ်များမှန်သောလည်း မြေ များမှာ ရိုးရိုးမြေများ မဟုတ်ကြောင်းလည်း သိရလေ၏ ၎င်း မြေများမှာ ကြမ်းပါသည်ဆိုသော သင်္ချိုင်းမြေ လေးမျိုး လူများဖြတ်သွာဖြတ်လားများသော ချောင်းရေ လေးမျိုး တောတောင်များတွင်သာတွေ့မြင်နိုင်သော မြေ လေးမျိုး သေဆုံးသွာသော ကလေးများ၏ အရိုးများ ပါဝင်ကြောင်းသိရလေ၏ ထိုနောက် အရုပ်လုပ် မီးဖုတ်စေ၏ ကလေး(နတ်)အရုပ်တစ်းပါးအား စတင်အသက်သွင်း၍ အထမြောက်အောင်မြင်ပါမှ ကလေး(နတ်) အပါး (၄၀)သော် ၎င်း (၅၀)သော် ၎င်း အသက်သွင်းစီမံလေ၏ အသက်သွင်းသည့်ဆိုတာနှင့်ပက်သက်၍ ယနေ့ သိပ္ပံခေတ်ကြီး၌ လက်ခံရန်မှာ ခက်တော့ခက်လေ၏ သို့လင့်တစေ (ကိုရီးယား) (ဟောင်ကောင်) (ထိုင်ဝမ်) (ဂျပန်) စသော နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ ယုံကြည်စွာ မွေးမြူကိုးကွယ်ကြသည်ဟုသိရလေ၏ ထူးခြားချက်များမှာ မွေးမြူကိုးကွယ်သော အိမ်များ၌ တိတ်ဆိတ်သောအချိန်များတွင် သွာလာလှုပ်ရှားသံများသော်၎င်း သူတို့လိုချင်သောအရာများအား အိမ်မက်ပေး၍ တောင်းဆိုခြင်းသော၎င်း စီးပွားလမ်းများ သိသိသာသာ ကောင်းမွန်လာခြင်းသော၎င်း သိရလေ၏ မွေးမြူကိုးကွယ်သော မိသာစုအား မိရင်းဖရင်း သဖွယ်ခင်တွယ်၍ မွေးမြူကိုးကွယ်သော မိသာစုများကလည်း သားသမီး သဖွယ်ကျွေးမွေးရလေ၏ မကျွေးမမွေးနိုင်လျှင်လည် ဘာအန္တယ်မှမပေးပဲ သူအလိုလိုပျောက်သွားသည်ဟုသိရလေ၏ မွေးမြူကိုးကွယ်သူများမှာလည်း ဂရုတစိုက်မွေးမြူကိုးကွယ်လျှင် သိသိသာသာ အကျိုးဖြစ်ထွန်းကြောင်း ရေးသာတင်ပြလိုက်ရပါလေ၏။ (မှတ်ချက်) ယခုရေးသာတင်ပြသော အကြောင်းအရာမှာ အထက်လမ်း (ကိုးမား)များဖြစ်၍ အောက်လမ်း (ကိုးမား)မျုားလည်း ရှိပါကြောင်း အသိပေးလိုက်ရပါတော့၏
လွင်မုခ
astrologythai@gmail.com
Subscribe to:
Comments (Atom)


