Sunday, January 20, 2013
ယနေ့ခေတ်အထိ ဒါမျိုးတွေရှိပါ၏
ပီယသဒ္ဓိ ခေါ်မလား ၊ ကာမသဒ္ဓိ ခေါ်မလားဘဲ
ကျွန်ုပ် တင်ပြရသော အကြောင်းအရာနှင်ပက်သက်၍ အရင်ဆုံး လာရောက်လေ့လာသူများအား
ကြို ကြိုတင်တင် တောင်းပန်ထားပါရစေဗျာ ၊ သိထားသင့်တယ်ထင်လို့ ၊မြင်တွေ့ထားသင့်တယ်ထင်လို့
ကျွန်ုပ်သည် ရှားရှားပါးပါး ရှာဖွေတင်ပြလိုက်ရပါ၏
အမျိုးသမီးတစ်ဦး ထိုင်ဖြဲ၍နေသည်ကိုမြင်ကတည်းက ဘာ့အတွက်သုံးသည် ဘာကောင်းသည်ကို အထူးအထွေ ရေးသာတင်ပြရန် မလိုလောက်အောင်ပင် ပြည့်စုံနေပြီးလို့ ကျွန်ုပ် မြင်မိပါသည် ၊ သို့လင့်တစေ ကျွန်ုပ်သည် အသေးစိတ်ရှင်းမပြနိုင်သောလည်း ကျွန်ုပ်သိရသလောက် ရေးသာတင်ပြမည်ဟု စိတ်ကူးရှိသည့်အလျှောက် မိတ်ဆွေတစ်ချို့၏ ပြောပြချက်များအား ဤစာမျက်နှာပေါ်၌ ရေးသာတင်ပြလိုက်ရပါ၏ တစ်နေ့သ၌ဟုပင် ဆိုကြပါစို့ ကျွန်ုပ်၏အိမ်သို့ ရှားရှားပါးပါးဆိုသလိုပင် မိတ်ဆွေတစ်ဦး လာရောက်လည်ပတ်လေ၏ ကျွန်ုပ်အတွက် သတင်းထူးများပါသည်ဟုလည်း ထိုသူက ပြောလေ၏ သတင်းထူးဆို၍ ကျွန်ုပ် စိတ်ဝင်စားသော လောကီပညာရပ်များနှင့်ပက်သက်သော သတင်းဟုပင် ကျွန်ုပ် ကောင်းစွာရိပ်မိလေ၏ ထိုနောက့် ကျွန်ုပ်က ထိုသူအား နေရာထိုင်ခင်းပေး၍ တစ်ခုခုသောက်ရန် စီစဉ်ပေးရလေတော့၏ အမောပြေဟန်ရှိသော ကျွန်ုပ်၏ မိတ်ဆွေက ကြံကြံဖန်ဖန် ပစ္စည်းလေးတစ်ခုပါကွာ မင်းကတော့တွေ့ဖူးမှာမဟုတ်ဘူးကွ ရှားသလောက် တန်းဖိုးရှိတယ်လို့ ပြောရမှာပေါ့ကွာဟု အစမရှိ အဆုံးမသိသော စကားအားပြောလေ၏
ကျွန်ုပ်က ဒီလောက်တောင်ပြောနေတာ ဘာပစ္စည်းများလည်းဟု သိချင်ဇောဖြစ် မေးမိလေ၏
ထိုနောက် ၎င်းက ကျွန်ုပ်အား အထက်ပါ ပစ္စည်းအား ထုပ်ပြလေ၏ ဘာများလည်းလိုဗျာ မိန်းမတစ်ယောက် ထိုင်ဖြဲနေတဲ့ဟာကြီးဗျာ့ဟု ကျွန်ုပ်က ပြောမိလျှင်ဘဲ ၎င်းက ကျွန်ုပ်အား ဤသို့ရှင်းပြလေ၏ အမြင်သာရိုင်းတယ်ကွ မျက်နှာပွင့်လန်းတဲ နေရာမှာတော့ကွာ တူမတူအောင်ပါဘဲဟု ပြောလျှင်ပြောချင်းပင် ၊ဗျာ ၊ဘယ်လို ၊ဟု၍ ကျွန်ုပ်အဖို့ သတင်းထူးများပါမက စကားထူးများပါ ကြား၍ရှိလေ၏ ထိုနောက့် ကျွန်ုပ်က ထိုသူအား လောကီပညာလိုက်စားတဲ့ ဆရာတော်တွေက ဒါမျိုးဟာတွေလည်း စီမံတာဘဲလားဗျာ့ဟုမေးမိလေ၏ ဒါမျိုးဟာတွေ စီမံတယ်ဆိုတာက တပည့်တွေအတွက် မျက်နှာပွင့်လန်းမယ် လူချစ်လူခင်များရင်း အန္တရယ်ကင်းမယ်ဆိုတဲ့ အတွေးမျိုးနဲ့ စီမံတာပေါ့ကွာ ၊ ခေတ်လူငယ်တွေ လက်ထဲရောက်လာတော့ ဘာလိုလို ညာလိုလို ဖြစ်တော့တာပေါ့ကွာဟု ပြောပြလေ၏ ဒီပစ္စည်းနဲ့ ပက်သက်လို့ပေါ့ဗျာ ကျွန်တော်ကြားဖူးတာ အများအားဖြင့်တော့ ရည်းစာလိုချင်တဲ့ သူတွေသုံးတယ်လို့တော့ ကြားဖူးတာဘဲဗျာ့ဟု ပြောလိုက်မိလေ၏ ။ ။ ကျွန်ုပ် ယခုဓါတ်ပုံနှင့် တင်ပြရသော ပစ္စည်းလေးမှာ အမျိုးသား ၊ အမျိုးသမီး မည်သူမဆို အသုံးတည့်သော ပစ္စည်းလေးတစ်ခုပင်ဖြစ်လေတော့၏ ရှားရှားပါးပါးပင် ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးဆီမှ တွေ့မြင်ရ၍ ယနေ့ခေတ်အထိ ဒါမျိုးတွေရှိပါလေသလားဟုပင် ကျွန်ုပ် တွေးမိလေတော့၏။
လွင်မုခ
astrolohythai@gmail.com
Subscribe to:
Post Comments (Atom)

အေးဗျာစိတ်ဝင်စားစရာတော့ကောင်းလာပြီ
ReplyDeleteထပ်ပြီးစိတ်ဝင်စားစရာလေးတွေတင်ပေးပါဦးဗျာ
ဟဲဟဲ နည်းလေးပေးလိုက်မယ်။
ReplyDeleteအဲ့ အရုပ်ကို ကိုယ်ကြိုက်တဲ့ မိန်းမအဖြစ် အာရုံပြုထားပြီး
အဲ့အပေါက်ထဲကို ကွမ်းရိုးနဲ့ကြပ်ပေးရတယ်။ ဗမာပြည်မှာလည်းရှိပါတယ်။ အောက်လမ်းဆရာတွေသုံးတဲ့ သူယုတ်သတီ ဆိုတာပေါ့
ကိုယ့်စီမလာဘဲသူများစီရောက်သွားရင်ရော ဘယ်မှာရနိင်လဲမသိဘူးပြောပေးပါလား လိုခြင်လို့ပါ
ReplyDelete