မျက်လုံးပိတ်ထားသော ဘုရား၏( ဓါတ်ပုံ)
ကျွန်ုပ်သည် လောကီပညာများကို စိတ်ဝင်စားစွာရှိသည့်အလျှက် ကျွန်ုပ်၏ မိတ်ဆွေများမှာလည်း ထိုနည်း၎င်းပင်ဖြစ်လေ၏ တစ်ယောက်စကား တစ်ယောက်ကြားရ၍ လေ့လာလို့မဆုံးနိုင်အောင် များပြားစွာရှိလေ၏ လေ့လာလို့မဆုံးနိုင်သည့် များပြားစွာရှိသော လောကီပညာရပ်များစွာရှိသည်အနက် ဖြစ်နိုင်ခြေရှိသော မျက်လုံးပိတ်ထားသော ဘုရားဟု အမည်ရှိသော လောကီပညာရပ်များနှင် စီမံဖန်တီးထား၍ သေနတ် (ကျည်) ပြီးသော (အဆောင်) ပင်ဖြစ်လေတော့၏ ထိုင်းနိုင်ငံတွင် ရှေ့နှစ်ပေါင်းများကပင် ယနေ့ အချိန်ထိ ယုံကြည်စွာ လက်ဆင့်ကမ်း ထိန်းသိမ်းကိုးကွယ်လျှက်ရှိကြလေ၏ ယနေ့ခေတ် လောကီပညာရပ်များအား လေ့လာလိုက်စားနေသော ဘုန်းတော်ကြီး အများစုပင်လျှင် မျက်လုံးပိတ်ထားသော ဘုရားအား ရှေ့အစဉ်အလာမပျက် စီမံဖန်တီးလျှက်ရှိကြောင်းလည်းသိရလေ၏ ထိုင်းနိုင်ငံအတွင်းရှိ ရဲ ဝန်ထမ်းများ စစ် ဘက်ဆိုင်ရာ ဝန်ထမ်းများနှင် အရပ် သားများပါမကျန် မျက်လုံးပိတ်ထားသော ဘုရားအား (ဆောင်) ယူကိုးကွယ်လျှက်ရှိကြောင်းသိရလေ၏ မျက်လုံးပိတ်ထားသော ဘုရားမှာ သေနတ် (ကျည်) ပြီးသည်ဆိုရာ၌ လောကီပညာရပ်များအား လေ့လာလိုက်စားနေသော ဘုန်းတော်ကြီးများဖြစ်တိုင်း စီမံသမျှ စွမ်းကြသည်ဟု မဆိုလိုပါ ၊ ဘေးအန္တရယ် ကင်းသလောက် လာဘ်မရွင်ကြောင်း ၊ ဈေးရောင်းသူများ (ဆောင် )ယူသွားလျှင် ဈေးအရောင်းထိုင်းကြောင်း ၊ရဲ ဝန်ထမ်းများ ၊စစ် ဘက်ဆိုင်ရာ ဝန်ထမ်းများ ၊အတွက်အထူးကောင်းမွန်ကြောင်း ကျွန်ုပ် လေ့လာမိသလောက် စာဖတ်သူများ ဗဟုသုတ ရစေရန် ဓါတ်ပုံနှင့်တကွ ရေသားတင်ပြလိုက်ရပါ၏။
လွင်မုခ
astrologythai@gmail.com
မင်းတစ်ယောက်တည်း
1 week ago
မျက်လုံးပိတ်တယ်ဆိုတာ အလုံပိတ် တားဆီးတဲ့သဘောကိုယူပြီးစီရင်တာဗျ။ အဲ့တော့ အန္တရာယ်တွေကာကွယ်တားဆီး သလို လာဘ်လာဘနဲ့ ပီယကိုလည်း ပိတ်ပင်လိုက်တယ်။ Side effect ပေါ့။ တချို့ သေနတ်ပြီးတဲ့ အမြုတေ တွေလည်းဒီလိုပဲ။ နောက် ဒါမျိုးကို ဂဝံရုပ်လို့ခေါ်တယ်။ ဘုရားဆင်းတုမဟုတ်ဘူးဗျ။
ReplyDeleteအဲဒါဂဝံမျက်နှာဖုံး ခေါ်ပါတယ် ဘုရားမဟုတ်ပါ
ReplyDelete